မင်္ဂလာနံနက်ခင်းပါ…..
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ
၂၀၁၈ခုနှစ်၊ ဇန်န၀ါရီလ ဒုတိယ( ၁၀) ရက်ပတ် မြစ်ရေအခြေအနေ
ခန့်မှန်းချက်များကို ၈-၁-၂၀၁၈ ရက်နေ့တွင်
အောက်ပါအတိုင်းထုတ်ပြန်ထားပါတယ်........
ဧရာဝတီမြစ်ရေသည်
ဇန်န၀ါရီလဒုတိယ(၁၀)ရက်ပတ်အတွင်း မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊
ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်း မြို့၊ မန္တလေးမြို့၊
စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊
မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန် မြို့တို့တွင် ပေဝက်ခန့် ကျဆင်းလာနိုင်ပါသည်။
ချင်းတွင်းမြစ်ရေသည် ဇန်န၀ါရီလ ဒုတိယ(၁၀)ရက်ပတ်အတွင်း ခန္တီး
မြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊
မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် ပေဝက်ခန့်
ကျဆင်းလာနိုင်ပါသည်။
No comments:
Post a Comment