မင်္ဂလာညနေခင်းပါ======(၃၁.၁.၂၀၁၈)
၂၀၁၈ခုနှစ်၊
ဇန်န၀ါရီလ(တတိယ)ဆယ်ရက်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သော
စိုက်ပျိုးရေးမိုးလေ၀သအခြေအနေများအကျဉ်းချုပ်နှင့်၂၀၁၈ခုနှစ်၊
ဖေဖော်ဝါရီလ(ပထမ) ဆယ်ရက်ပတ် အတွက်စိုက်ပျိုးရေးမိုးလေ၀သ
ဆိုင်ရာအချက်အလက်များခန့်မှန်းချက်
၂၀၁၈ခုနှစ်၊
ဇန်နဝါရီလ(တတိယ)ဆယ်ရက်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သော မိုးလေ၀သအခြေအနေများ
ပေါ်မူတည်၍ စိုက်ပျိုးရေးဆိုင်ရာ မိုးလေ၀သအချက်အလက်များ အကျဉ်းချုပ်ကို
အောက်ပါအတိုင်းဆန်းစစ် ဖေါ်ပြအပ်ပါသည်။
ဘင်္ဂလားပင်လယ်အော်အခြေအနေမှာ---
ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင်အများအားဖြင့်သာယာခဲ့ပြီး၊ကပ္ပလီပင်လယ်ပြင်နှင့်ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင်
တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပါသည်။
မိုးရွာသွန်းမှုအခြေအနေ---၂၀၁၈ခုနှစ်၊
ဇန်နဝါရီလ(တတိယ)ဆယ်ရက်ပတ်အတွင်းမိုးရွာသွန်းမှုအခြေအနေများမှာ- မန္တလေး
တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး(အောက်ပိုင်း)၊ ပဲခူးတိုင်းဒေသကြီး၊
ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ကယားပြည်နယ်နှင့်
မွန်ပြည်နယ်တို့တွင် ဇန်နဝါရီလ(တတိယ)ဆယ်ရက်ပတ်၏ ပျမ်းမျှမိုးရေချိန်တို့
ခန့်သာရှိခဲ့ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း)၊
မကွေးတိုင်းဒေသကြီး၊ ကချင် ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊
ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဇန်နဝါရီလ(တတိယ) ဆယ်ရက်ပတ်၏
ပျမ်းမျှမိုးရေချိန်တို့အောက်လျော့နည်းခဲ့ကာ၊ တနင်္သာရီတိုင်းဒေသကြီးတွင်
ဇန်နဝါရီလ (တတိယ)ဆယ်ရက်ပတ်၏ပျမ်းမျှမိုးရေချိန်ထက်ပိုခဲ့ပါသည်။
မိုးရွာရက်များအနေဖြင့်- တနင်္သာရီတိုင်းဒေသကြီးတွင်
(၁)ရက်ခန့်မိုးရွာသွန်းခဲ့ပြီး၊ မန္တလေးတိုင်း ဒေသကြီး၊
စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊
ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊
ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် နှင့်
ရခိုင်ပြည်နယ်တို့တွင် မိုးရွာသွန်းခြင်းမရှိခဲ့ပါ။
အမြင့်ဆုံးအပူချိန်အခြေအနေ---၂၀၁၈ခုနှစ်၊ဇန်နဝါရီလ(တတိယ)ဆယ်ရက်ပတ်အတွင်း(နေ့အပူချိန်)အခြေအနေများမှာ-
ဧရာဝတီ တိုင်းဒေသကြီးတွင် ဇန်နဝါရီလ(တတိယ)ဆယ်ရက်ပတ်၏ပျမ်းမျှ
အမြင့်ဆုံးအပူချိန်တို့ခန့်သာရှိခဲ့ပြီး၊ ရခိုင်
ပြည်နယ်တွင်(၃)ဒီဂရီဖာရင်ဟိုက်ခန့်၊ ဇန်နဝါရီလ(တတိယ)ဆယ်ရက်ပတ်၏
ပျမ်းမျှအမြင့်ဆုံးအပူချိန်တို့ အောက်လျော့နည်းခဲ့ကာ၊
မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)နှင့်
ရှမ်းပြည်နယ်(မြောက်
ပိုင်း)တို့တွင်(၂)ဒီဂရီဖာရင်ဟိုက်မှ(၃)ဒီဂရီဖာရင်ဟိုက်အထိ၊
မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊
ပဲခူးတိုင်းဒေသကြီး(တောင်ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊
တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်း ပြည်နယ်၊
ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် မွန်ပြည်နယ်တို့တွင်(၄)ဒီဂရီဖာရင်ဟိုက်မှ
(၆)ဒီဂရီဖာရင်ဟိုက် အထိနှင့် ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် (၇)ဒီဂရီ
ဖာရင်ဟိုက်မှ(၈)ဒီဂရီဖာရင်ဟိုက်အထိ ဇန်နဝါရီလ(တတိယ)
ဆယ်ရက်ပတ်၏ပျမ်းမျှအမြင့်ဆုံးအပူချိန် တို့ထက် ပိုခဲ့ပါသည်။
အနိမ့်ဆုံးအပူချိန်အခြေအနေ---၂၀၁၈ခုနှစ်၊
ဇန်နဝါရီလ(တတိယ)ဆယ်ရက်ပတ်အတွင်း(ညအပူချိန်)အခြေအနေများမှာ− ပဲခူးတိုင်း
ဒေသကြီး(အရှေ့ပိုင်းနှင့်တောင်ပိုင်း)၊ မန္တလေးတိုင်းဒေသကြီးနှင့်
ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ဇန်နဝါရီလ (တတိယ)ဆယ်ရက်ပတ်၏
ပျမ်းမျှအနိမ့်ဆုံးအပူချိန်ခန့်သာရှိခဲ့ပြီး၊
စစ်ကိုင်းတိုင်းဒေသကြီး(အောက်ပိုင်း)တွင် (၁)ဒီဂရီဖာရင်ဟိုက်ခန့်၊
မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊
ရန်ကုန်တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊
ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့်ကယားပြည်နယ်တို့တွင်(၃)ဒီဂရီဖာရင်ဟိုက်မှ
(၅)ဒီဂရီဖာရင် ဟိုက်အထိ၊ ရခိုင်ပြည်နယ်တွင်(၁၀)ဒီဂရီဖာရင်ဟိုက်ခန့်နှင့်
ချင်းပြည်နယ်တွင်(၁၃)ဒီဂရီဖာရင်ဟိုက်ခန့် ဇန်နဝါရီလ (တတိယ)
ဆယ်ရက်ပတ်ပျမ်းမျှအနိမ့်ဆုံးအပူချိန်တို့အောက်လျော့နည်းခဲ့ကာ၊
စစ်ကိုင်းတိုင်းဒေသကြီး (အထက်ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီး၊
ရှမ်းပြည်နယ်(အရှေ့ပိုင်း)နှင့် ကရင်ပြည်နယ်တို့တွင် (၁)ဒီဂရီဖာရင်ဟိုက်
မှ(၃)ဒီဂရီဖာရင်ဟိုက်အထိနှင့် တနင်္သာရီတိုင်းဒေသကြီးနှင့်
မွန်ပြည်နယ်တို့တွင်(၇)ဒီဂရီဖာရင်ဟိုက်စီ ဇန်နဝါရီလ(တတိယ) ဆယ်ရက်ပတ်၏
ပျမ်းမျှအနိမ့်ဆုံးအပူချိန်တို့ထက်ပိုခဲ့ပါသည်။
လေထုအတွင်းရေငွေ့ပါဝင်မှုအခြေအနေ---၂၀၁၈ခုနှစ်၊
ဇန်နဝါရီလ(တတိယ)ဆယ်ရက်ပတ်အတွင်း(လေထုစိုထိုင်းဆ)အခြေအနေများမှာ- ရန်ကုန်
တိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့်
ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင်(၄၉%)မှ(၅၉%)အကြား၊ ပဲခူးတိုင်းဒေသကြီး
(တောင်ပိုင်း)နှင့် မွန်ပြည်နယ်တို့တွင် (၆၀%)မှ (၆၉%)အကြား၊
မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေ သကြီး၊
ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်းနှင့်အနောက်ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီး၊
တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊
ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင်တို့တွင်
(၇၂%)မှ(၇၉%)အကြားနှင့်စစ်ကိုင်းတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်(မြောက်ပိုင်း)
(၈၀%)မှ (၈၉%)အကြား အသီးသီးရှိခဲ့ပါသည်။
ပင်ငွေ့ရေငွေ့ပျံနှုန်းအခြေအနေ---၂၀၁၈ခုနှစ်၊
ဇန်နဝါရီလ(တတိယ)ဆယ်ရက်ပတ်အတွင်း
(ပင်ငွေ့ရေငွေ့ပျံနှုန်း)အခြေအနေများမှာ-စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း)၊
ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ကချင်ပြည်နယ်တို့တွင်(၂၄-မီလီမီတာ)မှ
(၃၀-မီလီမီတာ)အတွင်း၊ မန္တလေးတိုင်းဒေသကြီး၊
စစ်ကိုင်းတိုင်းဒေသကြီး(အောက်ပိုင်း)၊ မကွေးတိုင်းဒေသကြီး၊ ပဲခူး
တိုင်းဒေသကြီး(အနောက်ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊
ရှမ်းပြည်နယ်(တောင်ပိုင်းနှင့်အရှေ့ပိုင်း) နှင့်ရခိုင်ပြည်နယ်တို့တွင်
(၃၂-မီလီမီတာ)မှ (၃၉-မီလီမီတာ)အတွင်း၊
ပဲခူးတိုင်းဒေသကြီး(တောင်ပိုင်းနှင့်အရှေ့ပိုင်း)၊ တနင်္သာရီတိုင်းဒေသကြီး၊
ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင်(၄၁-မီလီမီတာ)မှ (၄၈-မီလီမီတာ)အတွင်း
နှင့်ရန်ကုန်တိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင်(၅၁-မီလီမီတာ)မှ
(၅၂-မီလီမီတာ) အတွင်းအသီးသီးရှိခဲ့ ပါသည်။
မြေဆီလွှာအောင်းရေအခြေအနေ
---၂၀၁၈ခုနှစ်၊ ဇန်နဝါရီလ(တတိယ)ဆယ်ရက်ပတ်အတွင်း (မြေဆီလွှာစိုစွတ်မှု)
အခြေအနေများမှာ- ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင်
မြေဆီလွှာအောင်းရေအခြေအနေသည် (စိုစွတ်) အခြေအနေနှင့် မန္တလေးတိုင်း ဒေသကြီး၊
စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊
ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊
ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်
နယ်နှင့်မွန်ပြည်နယ်တို့တွင် မြေဆီလွှာအောင်းရေအခြေအနေသည် (ခြောက်သွေ့)
အခြေအနေတို့တွင် အသီးသီး ရှိခဲ့ပါသည်။