Friday, December 9, 2016

မုန်တိုင်းသတင်း (၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၈)ရက်နေ့ မြန်မာစံတော်ချိန်(၁၄း၀၀)နာရီအချိန်ထုတ်ပြန်ချက်)


 ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၀၄)၊၂၀၁၆
မုန်တိုင်းအ‌ခြေအနေ

  (က)    ယနေ့မြန်မာစံတော်ချိန် (၁၃း၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်
အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော မုန်တိုင်းငယ် သည် ပိုမိုအားကောင်းလာကာ
ဆိုင်ကလုန်းမုန်တိုင်း “ဗာဒတ်ရှ်” (VARDAH) အဖြစ်သို့ ရောက်ရှိခဲ့ပြီး အိန္ဒိယနိုင်ငံ၊ ဗီဇာကာပတ္တနမ်မြို့၏
အရှေ့တောင်ဘက် မိုင်(၅၆၀)ခန့်၊ မာချီလီပတ္တနမ်မြို့၏ အရှေ့-အရှေ့တောင်ဘက် မိုင်(၆၁၀)ခန့်၊
ပို့ပလဲယားမြို့၏ အနောက်ဘက် (၁၃၅)မိုင်ခန့်နှင့် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့၏ အနောက်တောင်ဘက်
မိုင် (၂၃၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ ဆိုင်ကလုန်း မုန်တိုင်းသည်  အနောက်
မြောက်ဘက်သို့  ရွေ့လျားမည်ဟု ခန့်မှန်းရပါသည်။
(ခ)    ဆိုင်ကလုန်းမုန်တိုင်း၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့်
အခြေအနေမရှိသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။
မုန်တိုင်း၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
(က)    ဆိုင်ကလုန်းမုန်တိုင်းသည်ွမန်မာစံတော်ချိန် (၁၃း၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု (၁၁.၅) ဒီဂရီနှင့်
အရှေ့လောင်ဂျီကျု (၉၀.၅)ဒီဂရီတွင်ရွှိပီး၊ ဗဟိုချက်လေဖိအား (၉၉၈)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံး
လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၅၀)နှုန်းခန့်ွဖစ်ပါသည်။
နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်
(က)      အဆိုပါ ဆိုင်ကလုန်း မုန်တိုင်း “ဗာဒတ်ရှ်” (VARDAH) သည် နောက်(၂၄)နာရီအတွင်း
ပိုမိုအားကောင်းလာမည်ဟု ခန့်မှန်းရပါသည်။
သတိပေးနှိုးဆော်ချက်
(က)    အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်း
တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး၊ လှိုင်းအသင့်
အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက် လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်အထိ
တိုက်ခတ်နိုင် ပါသည်။          
အကြံပြုချက်
(က)    မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့ရှိ
ကမ်းနီး၊ ကမ်းဝေးငါးဖမ်း ရေယာဉ်များ၊‌ သင်္ဘောများအနေဖြင့် ကြိုတင်သတိပြုရန် အကြံပြုအပ်ပါသည်။

Sunday, November 6, 2016

မုန်တိုင်းငယ်သတင်း (၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ (၅)ရက်နေ့ မြန်မာစံတော်ချိန်(၁၁း၀၀)နာရီအချိန်ထုတ်ပြန်ချက်) မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၉) မုန်တိုင်းငယ်အ‌ခြေအနေ


  (က)    ယနေ့မြန်မာစံတော်ချိန် (၁၀း၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်
အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် အရှေ့- အရှေ့မြောက်ဘက်သို့
ရွေ့လျားခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ ဗီဇာကာပတ္တနမ်မြို့၏ အရှေ့ - အရှေ့တောင်ဘက် မိုင်(၁၆၀)ခန့်၊
ပါရာဒစ်မြို့၏ တောင် - အနောက် တောင်ဘက် မိုင်(၁၇၀)ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ခီပူပါရာမြို့၏
အနောက်တောင် ဘက် (၃၄၅)မိုင်ခန့်နှင့် မြန်မာနိုင်ငံ၊ စစ်တွေမြို့၏ အနောက်တောင်ဘက်မိုင်(၄၂၀)
ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ မုန်တိုင်းငယ်သည် အရှေ့မြောက်ဘက်သို့
ဆက်လက်ရွေ့လျားပြီး၊ နောက်(၄၈)နာရီအတွင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံကမ်းခြေကို ဖြတ်ကျော်
ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းရပါသည်။
(ခ)    မုန်တိုင်းငယ်၏လက်ရှိအခြေအနေမှာ အဝါရောင်အဆင့်ရှိပြီး မြန်မာနိုင်ငံဘက်သို့
ဦးတည်ရွေ့လျားမည့် အခြေအနေမရှိဟု သတ်မှတ်ပါသည်။
မုန်တိုင်းငယ်၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
(က)    အဆိုပါမုန်တိုင်းငယ်သည်ွမန်မာစံတော်ချိန်(၁၀း၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု
(၁၇.၅)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၆.၀)ဒီဂရီတွင်ရွှိပီး၊ ဗဟိုချက်လေဖိအား (၁၀၀၄)ဟက်
တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၃၀)နှုန်းခန့်ွဖစ်ပါသည်။
နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်
(က)    အဆိုပါမုန်တိုင်းငယ်သည် နောက်(၂၄)နာရီအတွင်း ပိုမိုအားကောင်းလာမည်ဟု
ခန့်မှန်းရပါသည်။
သတိပေးနှိုးဆော်ချက်
(က)    အဆိုပါ မုန်တိုင်းငယ်၏ အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း
တစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ
ကျရောက်ပြီး၊ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ်
ရေပြင်/မြေပြင် လေသည် တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။         
အကြံပြုချက်
(က)    မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ
ကမ်းနီး၊ ကမ်းဝေးငါးဖမ်း ရေယာဉ်များ၊ သင်္ဘောများအနေဖြင့် ကြိုတင်သတိပြုရန်
အကြံပြုအပ်ပါသည်။

Saturday, November 5, 2016

မုန်တိုင်းငယ်သတင်း (၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ (၄)ရက်နေ့ မြန်မာစံတော်ချိန်(၂၂း၀၀)နာရီအချိန်ထုတ်ပြန်ချက်) မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၇) မုန်တိုင်းငယ်အ‌ခြေအနေ


  (က)    ယနေ့မြန်မာစံတော်ချိန် (၂၁း၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်
အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊
အိန္ဒိယနိုင်ငံ၊ ဗီဇာကာပတ္တနမ်မြို့၏ အရှေ့တောင်ဘက် မိုင်(၁၂၀)ခန့်၊ ပါရာဒစ်မြို့၏ တောင်- အနောက်
တောင်ဘက် မိုင်(၂၆၀)ခန့်၊ ဘင်္ဂလား ဒေ့ရှ်နိုင်ငံ၊ ခီပူပါရာမြို့၏ အနောက်တောင်ဘက် မိုင်(၄၅၀)ခန့်
အကွာ ပင်လယ်ပြင် ကို ဗဟိုပြုနေပါသည်။ အဆိုပါ မုန်တိုင်းငယ်သည် မြောက်ဘက်သို့ ဆက်လက်
ရွေ့လျားပြီးနောက်၊ အရှေ့မြောက်ဘက်သို့ကွေ့ကာ၊ နောက်(၄၈)နာရီအတွင်း ဘင်္ဂလား ဒေ့ရှ်နိုင်ငံ
ကမ်းခြေအနီးသို့ ရောက်ရှိနိုင်မည်ဟု ခန့်မှန်းရပါသည်။
(ခ)    မုန်တိုင်းငယ်၏လက်ရှိအခြေအနေမှာ အဝါရောင်အဆင့်ရှိပြီး မြန်မာနိုင်ငံဘက်သို့ ဦးတည်
ရွေ့လျားမည့် အခြေအနေမရှိဟု သတ်မှတ်ပါသည်။
မုန်တိုင်းငယ်၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
(က)    အဆိုပါမုန်တိုင်းငယ်သည် မြန်မာစံတော်ချိန်(၂၁း၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု (၁၆.၃)
ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၄.၇)ဒီဂရီတွင်ရွှိပီး၊ ဗဟိုချက်လေဖိအား (၁၀၀၄)ဟက်တိုပါစကယ်နှင့်
အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၃၀)နှုန်းခန့်ွဖစ်ပါသည်။
နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်
(က)အဆိုပါမုန်တိုင်းငယ်သည် နောက်(၂၄)နာရီအတွင်း ပိုမိုအားကောင်းလာမည်ဟု ခန့်မှန်းရပါသည်။
သတိပေးနှိုးဆော်ချက်
(က)    အဆိုပါ မုန်တိုင်းငယ်၏ အရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်
တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး၊ လှိုင်းအသင့် အတင့်မှ လှိုင်းကြီးနိုင်ပါသည်။
မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင် အထိ တိုက်ခတ်နိုင်ပါသည်။     
အကြံပြုချက်
(က) မြန်မာ့ကမ်းရိုးတန်းတစ်လျောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်း
ရေယာဉ်များ၊ သင်္ဘောများအနေဖြင့် ကြိုတင်သတိပြုရန် အကြံပြုအပ်ပါသည်။

Monday, October 3, 2016

MTSAT Satellite Image (2.10.2016)


MTSAT Satellite Image

Depression

Depression
Wednesday, August 17, 2016 - 07:00
မုန်တိုင်းငယ်သတင်း
(၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၁၇)ရက်နေ့ မြန်မာစံတော်ချိန်(၇း၀၀)နာရီအချိန်ထုတ်ပြန်ချက်)
       

မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၂)၊၂၀၁၆  


မုန်တိုင်းငယ်အ‌ခြေအနေ

 (က)    ယနေ့မြန်မာစံတော်ချိန် (၀၆း၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား

ပင်လယ်အော်အနောက်မြောက်ပိုင်းတွင်ွဖစ်ပေါ်နေသော မုန်တိုင်းငယ်သည်

အနောက် မြောက်ဘက်သို့ အနည်းငယ် ရွေ့လျားခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ ကိုးလ်ကတ္တားမြို့၏

တောင်- အရှေ့တောင်ဘက် (၇၅)မိုင်ခန့်အကွာ၊ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

အဆိုပါ မုန်တိုင်းငယ်သည်  အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု

ခန့်မှန်းရပါ သည်။
 (ခ)    မုန်တိုင်းငယ်၏လက်ရှိအခြေအနေမှာ အဝါရောင်အဆင့်ရှိပြီး၊

မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေ မရှိဟု သတ်မှတ်ပါသည်။
မုန်တိုင်းငယ်၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

(က)    အဆိုပါမုန်တိုင်းငယ်သည်ွမန်မာစံတော်ချိန်(၀၆း၃၀)နာရီအချိန်တွင်

မြောက်လတ္တီကျု (၂၁.၃)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၈.၄)ဒီဂရီတွင်ရွှိပီး၊

ဗဟိုချက်လေဖိအား (၉၉၃)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ

တစ်နာရီလျှင် (၄၀)မိုင်နှုန်းခန့် ဖြစ်ပါသည်။
သတိပေးနှိုးဆော်ချက်
(က)    အဆိုပါမုန်တိုင်းငယ်၏ အရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်

ကမ်းလွန် ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး၊

လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင်

မိုင်(၄၀)မှ (၄၅)မိုင် အထိ တိုက်ခတ်နိုင်ပါသည်။
အကြံပြုချက်
(က)မြန်မာ့ကမ်းရိုးတမ်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊

ကမ်းဝေး ငါးဖမ်းရယာဉ်များ၊‌ သင်္ဘောများအနေဖြင့် ကြိုတင်သတိပြုရန်

အကြံပြုအပ်ပါသည်။

နေ့စဉ်မိုးလေဝသသတင်း (၃.၁၀.၂၀၁၆)

နေ့စဉ်မိုးလေဝသသတင်း (၃.၁၀.၂၀၁၆)
Monday, October 3, 2016 - 07:00
နေ့စဉ်မိုးလေဝသသတင်း

(၂၀၁၆ ခုနှစ်၊အောက်တိုဘာလ (၃)ရက်နေ့ နံနက်(၇း၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့်အလယ်ပိုင်းတို့တွင်

တိမ်အသင့်အတင့်ဖြစ်ထွန်းနေပြီး၊ကပ္ပလီပင်လယ်ပြင်နှင့်ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင်

မုတ်သုံလေအားအနည်းငယ်မှအားအသင့်အတင့်ရှိနေပါသည်။

ယနေ့ညနေထိခန့်မှန်းချက်။ နေပြည်တော်၊မန္တလေးတိုင်းဒေသကြီးနှင့်တနင်္သာရီတိုင်းဒေသကြီး

တို့တွင်နေရာအနှံ့အပြား၊မကွေးတိုင်းဒေသကြီး၊ကယားပြည်နယ်နှင့်ကရင်ပြည်နယ်တို့တွင်နေရာ

စိပ်စိပ်နှင့်ကျန်တိုင်းဒေသကြီးနှင့်‌ပြည်နယ်တို့တွင်နေရာကျဲကျဲမိုးထစ်ချုန်းရွာပြီး၊နေပြည်တော်နှင့်

မန္တလေးတိုင်းဒေသကြီးတို့တွင်ဒေသအလိုက်နှင့်မကွေးတိုင်းဒေသကြီးတွင်နေရာကွက်၍မိုးကြီး

နိုင်ပါသည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့်ရှိမည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ မြန်မာနိုင်ငံတောင်ပိုင်းဒေသများတွင်ထစ်ချုန်းမည့်အခြေအနေ

များဖြစ်ပေါ်နိုင်ပါသည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေထိခန့်မှန်းချက်။ မိုးအသင့်အတင့်ထစ်ချုန်းရွာမည်။

ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတည့်ချိန်ထိခန့်မှန်းချက်။ နေရာကွက်ကျားမိုးထစ်ချုန်း

ရွာမည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတည့်ချိန်ထိခန့်မှန်းချက်။ မိုးအသင့်အတင့်ထစ်ချုန်း

ရွာမည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။

မိုးလေ၀သသတိပေးချက်

မိုးလေ၀သသတင်း

မိုးလေ၀သခန့် မှန်းချက်