Thursday, January 18, 2018

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၀၁၈ခုနှစ်၊ ဇန်န၀ါရီလ တတိယ( ၁၀) ရက်ပတ် မြစ်ရေအခြေအနေ ခန့်မှန်းချက်များကို ၁၈-၁-၂၀၁၈ ရက်နေ့တွင်

မင်္ဂလာနံနက်ခင်းပါ…..
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၀၁၈ခုနှစ်၊ ဇန်န၀ါရီလ တတိယ( ၁၀) ရက်ပတ် မြစ်ရေအခြေအနေ ခန့်မှန်းချက်များကို ၁၈-၁-၂၀၁၈ ရက်နေ့တွင် အောက်ပါအတိုင်းထုတ်ပြန်ထားပါတယ်........
ဧရာဝတီမြစ်ရေသည် ဇန်နဝါရီလ တတိယ (၁၀)ရက်ပတ်အတွင်း မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့ တို့တွင် ပေဝက် မှ ၁-ပေခန့် ကျဆင်းလာနိုင်ပါတယ်...........
ချင်းတွင်းမြစ်ရေသည် ဇန်နဝါရီလ တတိယ(၁၀)ရက်ပတ်အတွင်း ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် ပေဝက်ခန့် ကျဆင်း လာနိုင်ပါတယ်........

No comments:

Post a Comment