မုန်တိုင်းငယ်အခြေအနေ
====================
(က) ယနေ့မြန်မာစံတော်ချိန် (၁၈:၃၀)နာရီအချိန် တိုင်းထွာချက်များ
အရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression)သည် အနောက်မြောက်ဘက်သို့ အနည်းငယ်ရွေ့လျားခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ မာချီလီပတ္တနမ်မြို့၏ အရှေ့တောင်ဘက် မိုင် (၆၀၀)ခန့်၊ ဂိုလ်ပါပူမြို့၏ တောင်-အရှေ့တောင်ဘက် မိုင်(၆၅၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပြီး၊ အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းရပါသည်။
(ခ) မုန်တိုင်းငယ်၏လက်ရှိအခြေအနေမှာ မြန်မာ့ကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားမည့် အခြေ အနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။
မုန်တိုင်းငယ်၏တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
===========================================
(က) အဆိုပါမုန်တိုင်းငယ်သည် မြန်မာစံတော်ချိန်(၁၈:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု (၈.၈) ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၈.၃)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၁၀၀၄)ဟက်တိုပါ စကယ်နှင့် အမြင့်ဆုံးလေ တိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၃၀)နှုန်း ဖြစ်ပါသည်။
နောက်(၄၈)နာရီအတွင်းခန့်မှန်းချက်
========================
(က) အဆိုပါမုန်တိုင်းငယ်သည် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနေပြီး၊ အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်ကမ်းခြေအနီးသို့ ရောက်ရှိမည်ဟု ခန့်မှန်းရပါသည်။
(ခ) အဆိုပါမုန်တိုင်းငယ်၏အရှိန်ကြောင့် ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ရခိုင် ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်း ရွာနိုင်ပါသည်။
(ဂ) မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်း များ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀) အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့နှင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်တို့တွင် (၈)ပေမှ (၁၂)ပေခန့်၊ တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက် တွင် (၆)ပေမှ (၁၀)ပေခန့် ရှိနိုင်ပါသည်။
အကြံပြုချက်
=========
(က) သို့ဖြစ်ပါ၍ မိဘပြည်သူများအနေဖြင့် အချိန်အခါမဟုတ် မိုးရွာခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြု နေထိုင်ကြ ပါရန်နှင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။

No comments:
Post a Comment