မင်္ဂလာနံနက်ခင်းပါ…..
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၀၁၈ခုနှစ်၊ ဇန်န၀ါရီလ
လပတ်နှင့် ပထမ( ၁၀) ရက်ပတ် မြစ်ရေအခြေ
အနေခန့်မှန်းချက်များကို ၂၈-၁၂-၂၀၁၇ ရက်နေ့တွင် အောက်ပါအတိုင်း
ထုတ်ပြန်ထားပါတယ်…..
၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ လပတ် မြစ်ရေအခြေအနေခန့်မှန်းချက်
(၂၈-၁၂-၂၀၁၇ ရက်နေ့ ထုတ်ပြန်သည်)
ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊
သပိတ်ကျင်း မြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့နှင့် မြင်းမူမြို့တို့တွင်
၁-ပေမှ ၂-ပေခန့်နှင့် ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊
မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊
ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် ၂-ပေမှ ၃-ပေခန့်
ကျဆင်းလာနိုင်ပါတယ်...........
ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊
ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝ မြို့၊
မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် ၁-ပေမှ ၂-ပေခန့်
ကျဆင်းလာ နိုင်ပါတယ်.........
၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ပထမ(၁၀)ရက်ပတ် မြစ်ရေအခြေအနေခန့်မှန်းချက်
(၂၈-၁၂-၂၀၁၇ ရက်နေ့ ထုတ်ပြန်သည်)
ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊
သပိတ်ကျင်း မြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊
ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊
အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့်
ဇလွန်မြို့တို့တွင် ပေဝက်မှ ၁-ပေခန့် ကျဆင်းလာနိုင်ပါတယ်.....
ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊
မော်လိုက်မြို့၊ ကလေးဝ မြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့်
မုံရွာမြို့တို့တွင် ပေဝက်ခန့် ကျဆင်းလာနိုင်ပါတယ်.......
No comments:
Post a Comment