Sunday, December 31, 2017

(၃၁.၁၂.၂၀၁၇) ၂၀၁၇ခုနှစ်၊ ဒီဇင်ဘာလ(တတိယ)ဆယ်ရက်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သော စိုက်ပျိုးရေးမိုးလေ၀သအခြေအနေများအကျဉ်းချုပ်နှင့်၂၀၁၈ခုနှစ်၊ ဇန်န၀ါရီလ(ပထမ)ဆယ်ရက်ပတ် အတွက်စိုက်ပျိုးရေးမိုးလေ၀သ ဆိုင်ရာအချက်အလက်များခန့်မှန်းချက်

မင်္ဂလာညနေခင်းပါ..(၃၁.၁၂.၂၀၁၇)
၂၀၁၇ခုနှစ်၊ ဒီဇင်ဘာလ(တတိယ)ဆယ်ရက်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သော စိုက်ပျိုးရေးမိုးလေ၀သအခြေအနေများအကျဉ်းချုပ်နှင့်၂၀၁၈ခုနှစ်၊ ဇန်န၀ါရီလ(ပထမ)ဆယ်ရက်ပတ် အတွက်စိုက်ပျိုးရေးမိုးလေ၀သ ဆိုင်ရာအချက်အလက်များခန့်မှန်းချက်
၂၀၁၇ခုနှစ်၊ ဒီဇင်ဘာလ(တတိယ)ဆယ်ရက်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သော မိုးလေ၀သအခြေအနေများ ပေါ်မူတည်၍ စိုက်ပျိုးရေးဆိုင်ရာ မိုးလေ၀သအချက်အလက်များ အကျဉ်းချုပ်ကို အောက်ပါအတိုင်းဆန်းစစ် ဖေါ်ပြအပ်ပါသည်။
ဘင်္ဂလားပင်လယ်‌အော်အခြေအနေမှာ-- (၂၅.၁၂.၂၀၁၇)ရက်နေ့တွင် ကပ္ပလီပင်လယ်ပြင်တောင်ပိုင်း နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် လေဖိအားနည်းရပ်ဝန်း တစ်ခုဖြစ်ပေါ်ခဲ့ပြီး၊ (၂၇.၁၂.၂၀၁၇)ရက်နေ့တွင် အားပျော့ပျက်ပြယ်သွားခဲ့ပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော် တွင် တိမ်အနည်းငယ်ဖြစ်ထွန်းခဲ့ပါသည်။
မိုးရွာသွန်းမှုအခြေအနေ---၂၀၁၇ခုနှစ်၊ ဒီဇင်ဘာလ(တတိယ)ဆယ်ရက်ပတ်အတွင်း မိုးရွာသွန်းမှုအခြေအနေများမှာ- မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် ဒီဇင်ဘာလ(တတိယ)ဆယ်ရက်ပတ်၏ ပျမ်းမျှမိုးရေချိန်ခန့်သာရှိခဲ့ပြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့်တောင်ပိုင်း)နှင့် ကယားပြည်နယ် တို့တွင် ဒီဇင်ဘာလ(တတိယ)ဆယ်ရက်ပတ်၏ ပျမ်းမျှမိုးရေချိန်တို့ထက်ပိုခဲ့ပြီး၊ စစ်ကိုင်း တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဒီဇင်ဘာလ(တတိယ) ဆယ်ရက်ပတ်၏ ပျမ်းမျှမိုးရေချိန်တို့အောက်လျော့နည်းခဲ့ပါသည်။
မိုးရွာရက်များအနေဖြင့်--- တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ကယားပြည်နယ် တို့တွင်(၁)ရက်ခန့်စီ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင်(၂)ရက်ခန့် မိုးရွာသွန်းခဲ့ပြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးရွာသွန်းခြင်းမရှိခဲ့ပါ။
အမြင့်ဆုံးအပူချိန်အခြေအနေ--၂၀၁၇ခုနှစ်၊ ဒီဇင်ဘာလ(တတိယ) ဆယ်ရက်ပတ်အတွင်း(နေ့အပူချိန်)အခြေအနေများမှာ-ရန်ကုန် တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် ဒီဇင်ဘာလ(တတိယ)ဆယ်ရက်ပတ် ၏ပျမ်းမျှအမြင့်ဆုံးအပူချိန်တို့ခန့်သာရှိခဲ့ပြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ တွင် (၁)ဒီဂရီဖာရင်ဟိုက်မှ(၂)ဒီဂရီဖာရင်ဟိုက်အထိဒီဇင်ဘာလ(တတိယ)ဆယ်ရက်ပတ်၏ ပျမ်းမျှအမြင့် ဆုံးအပူချိန်တို့ အောက်လျော့နည်းခဲ့ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း)တွင် (၅)ဒီဂရီဖာရင်ဟိုက်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး(အောက်ပိုင်း)၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ ဧရာဝတီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် (၃)ဒီဂရီဖာရင်ဟိုက်မှ(၄)ဒီဂရီဖာရင်ဟိုက်အထိ နှင့် မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်းနှင့်တောင်ပိုင်း)၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့်တောင်ပိုင်း)တို့တွင်(၁)ဒီဂရီဖာရင်ဟိုက် မှ(၂)ဒီဂရီဖာရင်ဟိုက်အထိ ဒီဇင်ဘာလ(တတိယ) ဆယ်ရက်ပတ်၏ ပျမ်းမျှအမြင့်ဆုံးအပူချိန် တို့ထက်ပိုခဲ့ပါသည်။
အနိမ့်ဆုံးအပူချိန်အခြေအနေ---၂၀၁၇ခုနှစ်၊ ဒီဇင်ဘာလ(တတိယ)ဆယ်ရက်ပတ်အတွင်း(ညအပူချိန်)အခြေအနေများမှာ−ကချင် ပြည်နယ်တွင် ဒီဇင်ဘာလ(တတိယ)ဆယ်ရက်ပတ်၏ ပျမ်းမျှအနိမ့်ဆုံးအပူချိန် ခန့်သာရှိခဲ့ပြီး၊ ရန်ကုန်တိုင်း ဒေသကြီးတွင် (၂)ဒီဂရီဖာရင်ဟိုက်၊ ချင်းပြည်နယ်တွင် (၁၀)ဒီဂရီဖာရင်ဟိုက်အထိ ဒီဇင်ဘာလ(တတိယ) ဆယ်ရက်ပတ်၏ ပျမ်းမျှအနိမ့်ဆုံး အပူချိန်တို့အောက် လျော့နည်းခဲ့ပြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် (၉)ဒီဂရီ ဖာရင်ဟိုက်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် မွန်ပြည်နယ်တို့တွင်(၆)ဒီဂရီဖာရင်ဟိုက်စီ၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း)၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်းနှင့်အနောက်ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့်ကယားပြည်နယ်တို့တွင် (၄)ဒီဂရီဖာရင်ဟိုက်မှ(၅)ဒီဂရီဖာရင်ဟိုက်ထိနှင့် စစ်ကိုင်း တိုင်းဒေသကြီး(အောက်ပိုင်း)၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(တောင်ပိုင်း)၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် (၁)ဒီဂရီဖာရင်ဟိုက်မှ(၂)ဒီဂရီဖာရင်ဟိုက်အထိ ဒီဇင်ဘာလ (တတိယ) ဆယ်ရက်ပတ်၏ ပျမ်းမျှအနိမ့်ဆုံးအပူချိန်တို့ ထက်ပိုခဲ့ပါသည်။
လေထုအတွင်းရေငွေ့ပါဝင်မှုအခြေအနေ---၂၀၁၇ခုနှစ်၊ဒီဇင်ဘာလ(တတိယ)ဆယ်ရက်ပတ်အတွင်း(လေထုစိုထိုင်းဆ)အခြေအနေများမှာ-တနင်္သာရီ တိုင်းဒေသကြီးတွင်(၅၆%)၊ ပဲခူးတိုင်းဒေသကြီး(တောင်ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင် ပိုင်း)နှင့် မွန်ပြည်နယ်တို့တွင်(၆၀%)မှ(၆၈%)အကြား၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း နှင့်အနောက်ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ကရင်ပြည်နယ် တို့တွင်(၇၁%)မှ (၇၆%) အ ကြားနှင့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့်အရှေ့ပိုင်း)၊ ကယားပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင်(၈၁%)မှ (၈၇%)အကြား အသီးသီးရှိခဲ့ပါသည်။
ပင်ငွေ့ရေငွေ့ပျံနှုန်းအခြေအနေ-- ၂၀၁၇ခုနှစ်၊ ဒီဇင်ဘာလ(တတိယ)ဆယ်ရက်ပတ်အတွင်း (ပင်ငွေ့ရေငွေ့ပျံနှုန်း)အခြေအနေများမှာ- တနင်္သာရီတိုင်းဒေသကြီးတွင်(၄၃-မီလီမီတာ)ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင် ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် (၁၉-မီလီမီတာ)မှ(၂၆-မီလီမီတာ) အတွင်းနှင့် မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်(၃၀-မီလီမီတာ)မှ (၃၇-မီလီမီတာ)အတွင်း အသီးသီးရှိခဲ့ပါသည်။
မြေဆီလွှာအောင်းရေအခြေအနေ --- ၂၀၁၇ခုနှစ်၊ ဒီဇင်ဘာလ(တတိယ) ဆယ်ရက်ပတ်အတွင်း (မြေဆီလွှာစိုစွတ်မှု) အခြေအနေများမှာ- ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် မြေဆီလွှာ အောင်းရေ အခြေအနေသည်(စိုစွတ်)အခြေအနေနှင့် စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ် နှင့်မွန်ပြည်နယ်တို့တွင် မြေဆီလွှာအောင်းရေအခြေအနေသည်(ခြောက်သွေ့)အခြေအနေ အသီးသီး ရှိခဲ့ပါသည်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ၏ ဓာတ်ပုံ 
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ၏ ဓာတ်ပုံ


No comments:

Post a Comment