မင်္ဂလာညနေခင်းပါ..(၂၀.၁၂.၂၀၁၇)
၂၀၁၇ခုနှစ်၊
ဒီဇင်ဘာလ(ဒုတိယ)ဆယ်ရက်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သော
စိုက်ပျိုးရေးမိုးလေ၀သအခြေအနေများအကျဉ်းချုပ်နှင့်၂၀၁၇ခုနှစ်၊
ဒီဇင်ဘာလ(တတိယ)ဆယ်ရက်ပတ် အတွက်စိုက်ပျိုးရေးမိုးလေ၀သ
ဆိုင်ရာအချက်အလက်များခန့်မှန်းချက်
၂၀၁၇ခုနှစ်၊
ဒီဇင်ဘာလ(ဒုတိယ)ဆယ်ရက်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သောမိုးလေ၀သအခြေအနေများ
ပေါ်မူတည်၍ စိုက်ပျိုးရေးဆိုင်ရာမိုးလေ၀သအချက်အလက်များ
အကျဉ်းချုပ်ကိုအောက်ပါအတိုင်း ဆန်းစစ် ဖေါ်ပြအပ်ပါသည်။
ဘင်္ဂလားပင်လယ်အော်အခြေအနေမှာ--- ဒီဇင်ဘာလ(ပထမ)ဆယ်ရက်ပတ်အတွင်း
ဖြစ်ပေါ်နေခဲ့သော လေဖိအားနည်းရပ်ဝန်းသည် (၁၁.၁၂.၂၀၁၇)ရက်နေ့တွင်
ဘင်္ဂလားဒေ့ရှ် ကမ်းခြေအနီးမှ ကုန်းတွင်းသို့
ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီးဖြစ်ပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့်
ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပြီး၊
ကျန်ဘင်္ဂလားပင်လယ်အော်တွင် အများအားဖြင့်သာယာခဲ့ပါသည်။
မိုးရွာသွန်းမှုအခြေအနေ---၂၀၁၇ခုနှစ်၊ ဒီဇင်ဘာလ(ဒုတိယ)ဆယ်ရက်ပတ်အတွင်း
မိုးရွာသွန်းမှုအခြေအနေများမှာ- မန္တလေး တိုင်းဒေသကြီး၊
မကွေးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် ဒီဇင်ဘာလ(ဒုတိယ)ဆယ်ရက်ပတ်၏
ပျမ်းမျှမိုးရေချိန်ခန့်သာရှိခဲ့ပြီး၊
စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း)နှင့်
ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင်
ဒီဇင်ဘာလ(ဒုတိယ)ဆယ်ရက်ပတ်၏ပျမ်းမျှမိုးရေချိန်တို့ထက်ပိုခဲ့ပြီး၊စစ်ကိုင်းတိုင်းဒေသကြီး(အောက်ပိုင်း)၊
ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊
တနင်္သာရီတိုင်းဒေသကြီး၊ ကချင် ပြည်နယ်၊ ချင်းပြည်နယ်၊
ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့်အရှေ့ပိုင်း)၊ ကယားပြည်နယ်၊
မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဒီဇင်ဘာလ(ဒုတိယ) ဆယ်ရက်ပတ်၏
ပျမ်းမျှမိုးရေချိန်တို့အောက်လျော့နည်းခဲ့ပါ သည်။
မိုးရွာရက်များအနေဖြင့်---- စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း)နှင့်
ရှမ်းပြည်နယ်(တောင်ပိုင်း) တို့တွင်(၁)ရက်ခန့်စီနှင့် မန္တလေးတိုင်းဒေသကြီး၊
စစ်ကိုင်းတိုင်းဒေသကြီး(အောက်ပိုင်း)၊ မကွေးတိုင်းဒေသကြီး၊
ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊
တနင်္သာရီတိုင်းဒေသကြီး၊ ကချင် ပြည်နယ်၊ ချင်းပြည်နယ်၊
ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့်အရှေ့ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊
မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးရွာသွန်းခြင်းမရှိခဲ့ပါ။
အမြင့်ဆုံးအပူချိန်အခြေအနေ---၂၀၁၇ခုနှစ်၊ ဒီဇင်ဘာလ(ဒုတိယ)
ဆယ်ရက်ပတ်အတွင်း(နေ့အပူချိန်)အခြေအနေများမှာ- မန္တလေး တိုင်းဒေသကြီး၊
မကွေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင်
ဒီဇင်ဘာလ(ဒုတိယ)ဆယ်ရက်
ပတ်၏ပျမ်းမျှအမြင့်ဆုံးအပူချိန်တို့ခန့်သာရှိခဲ့ပြီး၊
စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊
တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် မွန်ပြည်နယ်တို့တွင်
(၁)ဒီဂရီဖာရင်ဟိုက်မှ(၂) ဒီဂရီဖာရင်ဟိုက်အထိ၊ ပဲခူးတိုင်းဒေသကြီး
(တောင်ပိုင်းနှင့်အရှေ့ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ကချင် ပြည်နယ်၊
ချင်းပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့်
ရခိုင်ပြည်နယ် တို့တွင်(၃)ဒီဂရီဖာရင်ဟိုက်မှ(၄)ဒီဂရီဖာရင်ဟိုက်အထိနှင့်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် (၆)ဒီဂရီဖာရင်ဟိုက်
အထိဒီဇင်ဘာလ(ဒုတိယ)ဆယ်ရက်ပတ်၏
ပျမ်းမျှအမြင့်ဆုံးအပူချိန်တို့ထက်ပိုခဲ့ပါသည်။
အနိမ့်ဆုံးအပူချိန်အခြေအနေ---၂၀၁၇ခုနှစ်၊ဒီဇင်ဘာလ(ဒုတိယ)ဆယ်ရက်ပတ်အတွင်း(ညအပူချိန်)အခြေအနေများမှာ−ရန်ကုန်တိုင်း
ဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် ဒီဇင်ဘာလ(ဒုတိယ)ဆယ်ရက်ပတ်၏
ပျမ်းမျှအနိမ့်ဆုံးအပူချိန် တို့ခန့်သာရှိခဲ့ပြီး၊ မကွေးတိုင်းဒေသကြီး၊
ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် မွန်ပြည်နယ်တို့တွင်(၁)
ဒီဂရီဖာရင်ဟိုက်မှ (၃)ဒီဂရီဖာရင်ဟိုက်အထိ၊ မန္တလေးတိုင်းဒေသကြီး၊
စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကရင်ပြည်နယ်နှင့်
ရခိုင်ပြည်နယ်တို့တွင်(၄)ဒီဂရီ ဖာရင်ဟိုက်မှ (၆)ဒီဂရီဖာရင်ဟိုက်အထိ၊
ကယားပြည်နယ်တွင် (၇)ဒီဂရီဖာရင်ဟိုက်ခန့်နှင့် ရှမ်းပြည်နယ်
(အရှေ့ပိုင်း)တို့တွင် (၁၁)ဒီဂရီဖာရင်ဟိုက်ခန့် ဒီဇင်ဘာလ(ဒုတိယ)ဆယ်ရက်ပတ်၏
ပျမ်းမျှအနိမ့်ဆုံးအပူချိန်တို့ ထက်ပိုခဲ့ကာ၊ ချင်းပြည်နယ်တွင်
(၇)ဒီဂရီဖာရင်ဟိုက်ခန့် ဒီဇင်ဘာလ(ဒုတိယ)ဆယ်ရက်ပတ်၏ ပျမ်းမျှအနိမ့်ဆုံး
အပူချိန်တို့အောက်လျော့နည်းခဲ့ပါသည်။
လေထုအတွင်းရေငွေ့ပါဝင်မှုအခြေအနေ---၂၀၁၇ခုနှစ်၊
ဒီဇင်ဘာလ(ဒုတိယ)ဆယ်ရက်ပတ်အတွင်း (လေထုစိုထိုင်းဆ)အခြေအနေများမှာ-
ပဲခူးတိုင်း ဒေသကြီး(တောင်ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊
တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် (၆၂%)မှ (၆၈%)အကြား၊
မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊
ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည် နယ်(တောင်ပိုင်း)နှင့်
ကရင်ပြည်နယ်တို့တွင်(၇၆%)မှ (၈၀%)အကြားနှင့် မန္တလေးတိုင်းဒေသကြီး၊
စစ်ကိုင်း တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ ကချင်ပြည်နယ်၊
ချင်းပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့်အရှေ့ပိုင်း)၊
ကယားပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင်(၈၂%)မှ
(၉၀%)အကြားအသီးသီးရှိခဲ့ပါသည်။
ပင်ငွေ့ရေငွေ့ပျံနှုန်းအခြေအနေ---၂၀၁၇ခုနှစ်၊
ဒီဇင်ဘာလ(ဒုတိယ)ဆယ်ရက်ပတ်အတွင်း (ပင်ငွေ့ရေငွေ့ပျံနှုန်း)အခြေအနေများမှာ-
စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့်
ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် (၁၈-မီလီမီတာ)မှ (၂၀-မီလီမီတာ) အတွင်း၊
မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊
ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်းနှင့်အနောက်ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီး၊
ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့်တောင်ပိုင်း)၊
ကယားပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် (၂၂-မီလီမီတာ)မှ
(၂၉-မီလီမီတာ)အတွင်း၊ ပဲခူးတိုင်းဒေသကြီး(တောင်ပိုင်း)၊ ရန်ကုန်
တိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၃၃-မီလီမီတာ)မှ
(၃၉-မီလီမီတာ)အတွင်းနှင့် တနင်္သာရီတိုင်းဒေသကြီးတွင်(၄၃-မီလီမီတာ)ခန့်
အသီးသီးရှိခဲ့ပါသည်။
မြေဆီလွှာအောင်းရေအခြေအနေ--- ၂၀၁၇ခုနှစ်၊
ဒီဇင်ဘာလ(ဒုတိယ) ဆယ်ရက်ပတ်အတွင်း (မြေဆီလွှာစိုစွတ်မှု) အခြေအနေများမှာ-
စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊
ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊
တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်
နှင့်မွန်ပြည်နယ်တို့တွင် (ခြောက်သွေ့)အခြေအနေ၊ ချင်းပြည်နယ်၊
ရှမ်းပြည်နယ်(တောင်ပိုင်းနှင့်အရှေ့ပိုင်း)နှင့် ကယားပြည်နယ်တို့တွင်
မြေဆီလွှာအောင်းရေအခြေအနေသည် (စိုစွတ်)အခြေအနေနှင့်
ရှမ်းပြည်နယ်(မြောက်ပိုင်း) တို့တွင်မြေဆီလွှာအောင်းရေအခြေအနေသည်
(ပြည့်ဝ)အခြေအနေတွင် အသီးသီးရှိခဲ့ပါသည်။


No comments:
Post a Comment