ဧရာဝတီမြစ်ရေသည် ဒီဇင်ဘာလ ဒုတိယ(၁၀)ရက်ပတ်အတွင်း မြစ်ကြီးနားမြို့၊
ဗန်းမော်မြို့၊ ရွှေကူ မြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊
စစ်ကိုင်းမြို့နှင့် မြင်းမူမြို့တို့တွင် ပေဝက်မှ ၁-ပေခန့်နှင့်
ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊
အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင်
၁-ပေမှ ၂-ပေခန့် ကျဆင်းလာနိုင်ပါတယ်......
ချင်းတွင်းမြစ်ရေသည်
ဒီဇင်ဘာလ ဒုတိယ(၁၀)ရက်ပတ်အတွင်း ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်
မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့်
မုံရွာမြို့ တို့တွင် ပေဝက်မှ ၁-ပေခန့် ကျဆင်းလာနိုင် ပါတယ်။
No comments:
Post a Comment