၂၀၁၇ခုနှစ်၊ ဒီဇင်ဘာလ(ပထမ)ဆယ်ရက်ပတ်အတွင်း
ဖြစ်ပေါ်ခဲ့သောမိုးလေ၀သအခြေအနေများ ပေါ်မူတည်၍
စိုက်ပျိုးရေးဆိုင်ရာမိုးလေ၀သအချက်အလက်များ အကျဉ်းချုပ်ကိုအောက်ပါအတိုင်း
ဆန်းစစ် ဖေါ်ပြအပ်ပါသည်။
ဘင်္ဂလားပင်လယ်အော်အခြေအနေမှာ----နိုဝင်ဘာလ(တတိယ)ဆယ်ရက်ပတ်အတွင်းဖြစ်ပေါ်ခဲ့သော
လေဖိအားနည်းရပ်ဝန်းသည်(၆.၁၂.၂၀၁၇)ရက်နေ့တွင် ပိုမိုအားကောင်းလာကာ
မုန်တိုင်းငယ်(Depression) အဖြစ်သို့ရောက်ရှိခဲ့ပြီး၊
(၁၀.၁၂.၂၀၁၇)ရက်နေ့တွင် လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ အားပျော့သွားခဲ့ကာ
အနောက်ဘင်္ဂလား ကမ်းခြေနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော
ဘင်္ဂလားဒေ့(ရှ်)ကမ်းခြေပေါ်တွင် ဆက်လက် တည်ရှိနေပါသည်။
ကပ္ပလီပင်လယ်ပြင်နှင့်
ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှတိမ်ထူထပ် ခဲ့ပါသည်။
မိုးရွာသွန်းမှုအခြေအနေ---၂၀၁၇ခုနှစ်၊ဒီဇင်ဘာလ(ပထမ)ဆယ်ရက်ပတ်အတွင်းမိုးရွာသွန်းမှုအခြေအနေများမှာ-
ချင်းပြည်နယ် တွင်ဒီဇင်ဘာလ(ပထမ) ဆယ်ရက်ပတ်၏
ပျမ်းမျှမိုးရေချိန်ခန့်သာရှိခဲ့ပြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း
ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊
ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့်တောင်ပိုင်း)၊ကယား
ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်
ဒီဇင်ဘာလ(ပထမ)ဆယ်ရက်ပတ်၏ပျမ်းမျှမိုးရေချိန်တို့အောက်လျော့နည်း ခဲ့ကာ၊
စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊
ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကရင်ပြည်နယ် နှင့်
ရခိုင်ပြည်နယ်တို့တွင် ဒီဇင်ဘာလ(ပထမ)ဆယ်ရက်ပတ်၏
ပျမ်းမျှမိုးရေချိန်တို့ထက်ပိုခဲ့ပါသည်။
မိုးရွာရက်များအနေဖြင့်---
စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊
ချင်းပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊
ကရင်ပြည်နယ်နှင့်ရခိုင်ပြည်နယ်တို့တွင်(၁)ရက်မှ(၂)ရက်ခန့်စီ
နှင့်မကွေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊
တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့်
အရှေ့ပိုင်း)၊ ကယားပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်
မိုးရွာသွန်းခြင်းမရှိခဲ့ပါ။
အမြင့်ဆုံးအပူချိန်အခြေအနေ---၂၀၁၇ခုနှစ်၊
ဒီဇင်ဘာလ(ပထမ)ဆယ်ရက်ပတ်အတွင်း(နေ့အပူချိန်)အခြေအနေများမှာ- မန္တလေး
တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး (အောက်ပိုင်း)နှင့်
ကချင်ပြည်နယ်တို့တွင်ဒီဇင်ဘာလ(ပထမ)ဆယ်
ရက်ပတ်၏ပျမ်းမျှအမြင့်ဆုံးအပူချိန်တို့ခန့်သာရှိခဲ့ပြီး၊
စစ်ကိုင်းတိုင်းဒေသကြီး (အထက်ပိုင်း)၊ ပဲခူးတိုင်းဒေ
သကြီး(အရှေ့ပိုင်းနှင့်အနောက်ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီး၊
ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့်ရခိုင်ပြည်နယ်
တို့တွင်(၁)ဒီဂရီဖာရင်ဟိုက်မှ (၂)ဒီဂရီဖာရင်ဟိုက်အထိ၊
ပဲခူးတိုင်းဒေသကြီး(တောင်ပိုင်း)၊ ရန်ကုန်တိုင်း ဒေသကြီး၊ ချင်းပြည်နယ်၊
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကယားပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၃)ဒီဂရီ
ဖာရင်ဟိုက်မှ (၄)ဒီဂရီဖာရင်ဟိုက်အထိနှင့် တနင်္သာရီတိုင်းဒေသကြီးနှင့်
ကရင်ပြည်နယ်တို့တွင် (၆)ဒီဂရီ ဖာရင်ဟိုက်ခန့်စီ ဒီဇင်ဘာလ(ပထမ)ဆယ်ရက်ပတ်
၏ပျမ်းမျှအမြင့်ဆုံးအပူချိန်တို့ထက်ပိုခဲ့ကာ၊ မကွေးတိုင်းဒေသကြီးနှင့်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် (၄)ဒီဂရီဖာရင်ဟိုက်ခန့်စီ
ဒီဇင်ဘာလ(ပထမ)ဆယ်ရက်ပတ်
၏ပျမ်းမျှအမြင့်ဆုံးအပူချိန်တို့အောက်လျော့နည်းခဲ့ပါသည်။
အနိမ့်ဆုံးအပူချိန်အခြေအနေ---၂၀၁၇ခုနှစ်၊
ဒီဇင်ဘာလ(ပထမ)ဆယ်ရက်ပတ်အတွင်း(ညအပူချိန်)အခြေအနေများမှာ− မန္တလေး
တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊
ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်းနှင့်အရှေ့ပိုင်း)၊ ဧရာဝတီတိုင်း ဒေသကြီး၊
ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် (၁)ဒီဂရီဖာရင်ဟိုက်မှ
(၃)ဒီဂရီဖာရင်ဟိုက် အထိ၊ ပဲခူးတိုင်းဒေသကြီး(တောင်ပိုင်း)၊
တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကရင်ပြည်နယ်
နှင့်မွန်ပြည်နယ်တို့တွင်(၄)ဒီဂရီဖာရင်ဟိုက်မှ(၆)ဒီဂရီဖာရင်ဟိုက်အထိ
ဒီဇင်ဘာလ(ပထမ)ဆယ်ရက်ပတ်၏ ပျမ်းမျှအနိမ့်ဆုံးအပူချိန်တို့ထက်ပိုခဲ့ကာ၊
ရန်ကုန်တိုင်းဒေသကြီးနှင့်ရခိုင်ပြည်နယ်တို့တွင်(၁)ဒီဂရီဖာရင်ဟိုက်မှ
(၂)ဒီဂရီဖာရင်ဟိုက်အထိ၊ မကွေးတိုင်းဒေသကြီး၊
ကချင်ပြည်နယ်နှင့်ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင်
(၄)ဒီဂရီဖာရင်ဟိုက်မှ(၆)ဒီဂရီဖာရင်ဟိုက်အထိနှင့် ချင်းပြည်နယ်တွင်
(၁၁)ဒီဂရီဖာရင်ဟိုက်ခန့်ဒီဇင်ဘာလ(ပထမ) ဆယ်ရက်ပတ်၏
ပျမ်းမျှအနိမ့်ဆုံးအပူချိန်တို့အောက်လျော့နည်းခဲ့ပါသည်။
လေထုအတွင်းရေငွေ့ပါဝင်မှုအခြေအနေ---၂၀၁၇ခုနှစ်၊
ဒီဇင်ဘာလ(ပထမ)ဆယ်ရက်ပတ်အတွင်း(လေထုစိုထိုင်းဆ)အခြေအနေများမှာ- တနင်္သာရီ
တိုင်းဒေသကြီးနှင့်မွန်ပြည်နယ်တို့တွင် (၆၁%)မှ (၆၄%)အကြား၊
မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး (တောင်ပိုင်းနှင့်အနောက်ပိုင်း)၊
ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊
ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့်ကရင်ပြည်နယ်တို့တွင်(၇၁%)မှ (၇၇%)
အကြားနှင့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊
ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊
ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့်အရှေ့ပိုင်း)၊ ကယား ပြည်နယ်နှင့်
ရခိုင်ပြည်နယ်တို့တွင် (၈၁%)မှ (၉၁%)အကြား အသီးသီးရှိခဲ့ပါသည်။
ပင်ငွေ့ရေငွေ့ပျံနှုန်းအခြေအနေ---၂၀၁၇ခုနှစ်၊
ဒီဇင်ဘာလ(ပထမ)ဆယ်ရက်ပတ်အတွင်း(ပင်ငွေ့ရေငွေ့ပျံနှုန်း)အခြေအနေများမှာ-
စစ်ကိုင်းတိုင်းဒေသကြီး (အောက်ပိုင်း)၊
ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့်အရှေ့ပိုင်း)တို့တွင်(၁၈-မီလီမီတာ)မှ(၁၉-မီလီမီတာ)အတွင်း၊
မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း)၊
ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်းနှင့်အနောက်ပိုင်း)၊ ကချင်ပြည်နယ်၊
ချင်းပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ကယားပြည်နယ်
နှင့်ရခိုင်ပြည်နယ်တို့တွင်(၂၁-မီလီမီတာ)မှ(၂၉-မီလီမီတာ)အတွင်း၊မကွေးတိုင်းဒေသကြီး၊
ပဲခူးတိုင်းဒေသကြီး (တောင်ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊
ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်
(၃၁-မီလီမီတာ)မှ (၃၈-မီလီမီတာ)အတွင်းနှင့်
တနင်္သာရီတိုင်းဒေသကြီးတွင်(၄၄-မီလီမီတာ)ခန့် အသီးသီး ရှိခဲ့ပါသည်။
မြေဆီလွှာအောင်းရေအခြေအနေ--- ၂၀၁၇ခုနှစ်၊
ဒီဇင်ဘာလ(ပထမ)ဆယ်ရက်ပတ်အတွင်း(မြေဆီလွှာစိုစွတ်မှု)အခြေအနေများမှာ-
စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊
မကွေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊
ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊
ရခိုင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်(ခြောက်သွေ့)အခြေအနေ၊
ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊
ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့်ကယားပြည်နယ်တို့တွင်မြေဆီလွှာ
အောင်းရေအခြေအနေသည်(စိုစွတ်)အခြေအနေနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့်
မြောက်ပိုင်း)နှင့်ချင်းပြည်နယ်တို့တွင်
မြေဆီလွှာအောင်းရေအခြေအနေသည်(ပြည့်ဝ)အခြေအနေတွင်အသီးသီးရှိခဲ့ပါသည်။


No comments:
Post a Comment