၁၆.၁၁.၂၀၁၇ မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်တဲ့ ပြည်တွင်း မိုးလေ၀သအခြေအနေ
ယမန်နေ့မြန်မာစံတော်ချိန် (၁း၃၀)နာရီအချိန် တိုင်းထွာချက်များအရ
ဘင်္ဂလားပင်လယ်အော် အနောက် အလယ်ပိုင်းနဲ့ ယင်းနှင့်ဆက်စပ်လျက်ရှိတဲ့
ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်း တို့မှာ ဖြစ်ပေါ်နေတဲ့
လေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် (Depression)
အဖြစ်သို့ ရောက်ရှိခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ ဗီဇာကာပတ္တနမ် (Visakhapatnam)
မြို့၏ တောင်ဘက် မိုင်(၁၆၀)ခန့်၊ မာချီလီပတ္တနမ် (Machilipatnam) မြို့၏
အရှေ့တောင်ဘက် မိုင်(၁၃၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါတယ်။
အဆိုပါ မုန်တိုင်းငယ်ဟာ ကနဦးတွင် မြောက်ဘက်သို့ ရွေ့လျားပြီးနောက်၊
မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက် ရွေ့လျားကာ၊ တဖြည်းဖြည်း
အားလျော့သွားမည်ဟု ခန့်မှန်းရပါတယ်။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနဲ့
အလယ်ပိုင်းတို့တွင် တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်နဲ့
ကျန်ဘင်္ဂလားပင်လယ်အော် တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါတယ်။
ဒီကနေ့ညနေအထိခန့်မှန်းချက်ကတော့ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်
ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ နေရာစိပ်စိပ်၊ နေပြည်တော်၊
စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေး
တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်
တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့မှာ
နေရာကွက်ကျား မိုးထစ်ချုန်း ရွာပါမယ်။
မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအသင့်အတင့်ရှိပါမယ်။ လှိုင်းအမြင့်မှာ
မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်မှာ (၅)ပေမှ (၇)ပေခန့် ရှိနိုင်ပါတယ်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်ကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊
ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့မှာ နေရာကျဲကျဲ
မိုးထစ်ချုန်းရွာနိုင်ပါတယ်။ နေပြည်တော်၊ ရန်ကုန်မြို့နဲ့
မန္တလေးမြို့နဲ့အနီးတစ်ဝိုက်တို့အတွက် ဒီကနေ့ညနေအထိ ခန့်မှန်းချက်ကတော့
နေရာကွက်ကျားမိုးထစ်ချုန်းရွာပါမယ်။
No comments:
Post a Comment