မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၀၁၇ခုနှစ်၊ နိုဝင်ဘာလ ဒုတိယ(၁၀)ရက်ပတ် မြစ်ရေအခြေအနေခန့်မှန်းချက်
(၈-၁၁-၂၀၁၇ ရက်နေ့ ထုတ်ပြန်ထားပါတယ်)
ဧရာဝတီမြစ်ရေသည် နိုဝင်ဘာလ ဒုတိယ(၁၀)ရက်ပတ်အတွင်း မြစ်ကြီးနားမြို့၊
ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊
စစ်ကိုင်းမြို့နှင့်မြင်းမူမြို့ တို့တွင် ၁-ပေခွဲမှ ၂-ပေခွဲခန့်နှင့်
ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊
အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင်
၃-ပေမှ ၅-ပေခန့် ကျ ဆင်းလာနိုင်ပါတယ်........
ချင်းတွင်းမြစ်ရေသည်
နိုဝင်ဘာလ ဒုတိယ (၁၀)ရက်ပတ်အတွင်း ခန္တီးမြို့၊ ဟုမ္မလင်း မြို့၊
ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊
ကနီမြို့နှင့် မုံရွာမြို့တို့တွင် ၂-ပေမှ ၄-ပေခန့်
ကျဆင်းလာနိုင်ပါတယ်....
No comments:
Post a Comment