Saturday, April 1, 2017

ထူးခြားမြစ်ရေအခြေအနေသတင်း

ထူးခြားမြစ်ရေအခြေအနေသတင်း
(၂၀၁၇ ခုနှစ်၊ ဧပြီလ(၁)ရက်၊ (၁၃း၀၀)နာရီ အချိန်ထုတ်ပြန်ချက်
 ဧရာဝတီမြစ်ရေသည် ၂၀၁၇ခုနှစ်၊ မတ်လ (၃၁) ရက်နေ့တွင် မြစ်ကြီးနားမြို့၌ (၇)ပေခွဲခန့် မြင့်တတ်ခဲ့ပြီး (၁.၄.၂၀၁၇) ရက်နေ့ (၁၂း၃၀)နာရီအချိန် တိုင်းထွာချက်အရ (၁)ရက်အတွင်း (၂)ပေခွဲခန့် ပြန်လည် ကျဆင်းခဲ့ပြီးဖြစ်ပါသည်။ အဆိုပါ မြစ်ရေသည် ဗန်းမော်မြို့နှင့် ရွှေကူမြို့တို့တွင် (၁) ရက်အတွင်း (၂)ပေခွဲမှ (၅) ပေခွဲခန့်အထိ  မြင့်တက်ခဲ့ပါသည်။
ဧရာဝတီမြစ်အထက်ပိုင်းတွင် မြင့်တက်ခဲ့သော မြစ်ရေများသည် နောက်(၂)ရက်အတွင်း ရွှေကူမြို့နှင့် ကသာမြို့ တို့တွင် (၂)ပေခွဲမှ (၆)ပေခန့်၊ နောက်(၂)ရက်မှ (၆)ရက်အတွင်း သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့နှင့် ညောင်ဦးမြို့တို့ တွင် (၂)ပေခွဲမှ (၄)ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ပါသည်။
သို့ဖြစ်ပါ၍ မြစ်ကြောင်းများအတွင်း သွားလာနေကြသည့် ရေယာဉ်၊ လှေ၊ သင်္ဘောများအနေဖြင့် ဂရုပြုသင့်ပါ ကြောင်းနှင့် မြစ်ရေနည်းစဉ် သဲသောင်ခုံများတွင် စိုက်ပျိုးနေထိုင်သူများအနေဖြင့်လည်း မြစ်ရေရုတ်တရက် တိုးလာနိုင်မှုကို ဂရုပြုနေထိုင်သင့်ပါကြောင်း အကြံပြုအပ်ပါသည်။

No comments:

Post a Comment